Competition Demystified

Bruce C. Greenwald & Judd Kahn
  •  26 min
  •  Audio Available

အချို့လုပ်ငန်းတွေက သက်သောင့်သက်သာနဲ့ ရပ်တည်နေနိုင်ပြီး၊ အချို့လုပ်ငန်းတွေက လျှပ်တစ်ပြက် အတွင်းမှာပဲ ပျောက်ကွယ်သွားတာ ဘာကြောင့်ပါလဲ။ မြို့ထဲသွားတဲ့အခါ ကော်ဖီဆိုင်တစ်ဆိုင်ဆိုင်ရှေ့မှာ လူတွေ တန်းစီနေပြီး၊ အဲဒီဆိုင်နဲ့မနီးမဝေးဆိုင်တစ်ဆိုင်မှာတော့ လျှော့ဈေးနဲ့ရောင်းနေတာတောင် ဝယ်မဲ့သူ မရှိတာ ဘာကြောင့်လို့ ထင်ပါလဲ။ သီအိုရီအရဆိုရင် နှစ်ဆိုင်စလုံးမှာသုံးတဲ့ ပစ္စည်းအမျိုးအစားတွေ၊ အရည်အသွေး တွေက အားလုံးအတူတူပါပဲ။ ဒါဆို ဘာက ကွဲပြားသွားတာလဲ။ ဒီမေးခွန်းတွေရဲ့အဖြေကို ဒီကောက်နုတ်ချက် ထဲမှာ ရှာတွေ့နိုင်ပါတယ်။ ဒီကောက်နုတ်ချက်ကိုဖတ်ပြီးတာနဲ့ အောင်မြင်မှုနဲ့ ပတ်သက်တဲ့ စီးပွားရေး နည်းဗျူဟာတွေ တွေ့ရှိလာပါလိမ့်မယ်။

ဖွဲ့စည်းမှု မူဘောင်အများစုက ပြိုင်ဆိုင်မှုအင်အားစု (competitive force) အားလုံး အတူတူပဲလို့ သတ်မှတ်ထားပေမဲ့ တကယ်အရေးပါတဲ့အရာက ဈေးကွက်ဝင်ရောက်မှု အဟန့်အတား (barriers to entry) ဖြစ်ပါတယ်။ ဆိုလိုတာက စီးပွားရေးနယ်ပယ်တစ်ခုမှာ လုပ်ငန်းအသစ်အနေနဲ့ ဝင်ရောက်အောင်မြင်ဖို့ ခက်ခဲစေ တဲ့အဟန့်အတားတွေကို ပြောတာပါ။ ဗျူဟာမြောက် စွမ်းအားဆိုတာ ဘယ်နေရာကို အဓိက ပစ်မှတ်ထားရမယ်၊ အဲဒီနေရာကို ဘယ်လိုလွှမ်းမိုးရမယ်ဆိုတာ သေချာသဘောပေါက်နားလည်ခြင်းပါပဲ။ သင်က လုပ်ငန်းတစ်ခုကို ဦးဆောင်နေသူလား၊ တစ်ခုခုမှာ ရင်းနှီးမြှုပ်နှံထားသူလား၊ ဒါမှမဟုတ် စီးပွားရေးနည်းဗျူဟာတွေနဲ့ပတ်သက်ပြီး သေသေချာချာသိဖို့ ကြိုးစားနေသူလား။ ဒါဆိုရင်တော့ ဒီကောက်နုတ်ချက်ထဲမှာပါတဲ့ လမ်းညွှန်ချက်တွေက သင့်အတွက် တကယ်လက်တွေ့အသုံးဝင်ပါလိမ့်မယ်။


    •  ဈေးကွက်အတွင်း လုပ်ငန်းသစ်တစ်ခုနဲ့ စတင်ထိုးဖောက်လိုသူတွေ။
    •  ဈေးကွက်ပညာကို စိတ်ဝင်စားသူတွေနဲ့
    •  ကိုယ့်ပြိုင်ဘက်တွေထက် အမြဲတမ်းနှာတစ်ဖျားသာချင်သူတွေ။


    •  Porter’s Five Force အကြောင်း။
    •  ရေရှည်တောင့်ခံနိုင်တဲ့ ယှဉ်ပြိုင်မှုနည်းဗျူးဟာတွေ ရေးဆွဲပုံအကြောင်း။
    •  ဈေးကွက်အတွင်း ပါဝင်သူ (market players) တွေကို နားလည်ခြင်းကြောင့် အကျိုးကျေးဇူး ရနိုင်ပုံတွေ အကြောင်း။